အာရုံကြောဆေး

အာရုံကြောဆေး

အာရုံကြောဆေး

အာရုံကြောဆိုင်ရာ မအီမသာဖြစ်မှုများနှင့် အကြောတင်းခြင်း၊ အကြောတက်ခြင်း၊ ခြေလက်လေးလံခြင်း စသည့် အခြေအနေများအတွက် သုံးစွဲရန် ရိုးရာတိုင်းရင်းဆေး။

အာရုံကြောရောဂါဆိုင်ရာ အခြေအနေအမျိုးမျိုးတွင် သုံးစွဲရန် ဖော်စပ်ထားသော တိုင်းရင်းဆေးဖြစ်ပြီး ဦးခေါင်းမကြည်ခြင်း၊ သတိမှတ်ဉာဏ်အားနည်းခြင်း၊ တွေဝေငေးမောခြင်း၊ အကြောတင်းခြင်း၊ အကြောတက်ခြင်း၊ ခြေလက်လေးလံခြင်းနှင့် လှုပ်ရှားရခက်ခဲခြင်း စသည့် လက္ခဏာများအတွက် အသုံးပြုရန် ဖော်ပြထားသည်။

အာရုံကြောနှင့် ဦးနှောက်ဆိုင်ရာ

  • ဦးခေါင်းမကြည်ခြင်း
  • သတိမှတ်ဉာဏ်နည်းခြင်း
  • တွေဝေငေးမောခြင်း
  • ထိုင်းမှိုင်းလေးလံခြင်း

အကြောနှင့် ခြေလက်ဆိုင်ရာ

  • အာရုံကြောများ ဖုထုံးခြင်း
  • ခြေလက်များ ကောက်ကွေးခြင်း
  • ထုံကျဉ်ကိုက်ခဲခြင်း
  • အကြောတင်းခြင်း
  • အကြောတက်ခြင်း
  • အကြောဆွဲခြင်း
  • ခြေလက်များ လှုပ်ရှားရန် ခက်ခဲခြင်း

သွေးကြောနှင့် လှုပ်ရှားမှုဆိုင်ရာ

  • သွေးကြောပိတ်ခြင်း
  • တွန့်ဆတ်ရုန်းကန်ခြင်း
  • လေဖြတ်ခြင်း

အခြားအသုံးပြုနိုင်သော အခြေအနေများ

  • မှု၀ေအော့အန်ခြင်း
  • စားမဝင်ခြင်း
  • အိပ်မပျော်ခြင်း
  • ကိုယ်တစ်ပိုင်းပူ၍ တစ်ပိုင်းအေးခြင်း
  • အကိုင်အတွယ် မမြဲခြင်း
  • လေနာရင်ဘတ်နာဖြစ်ခြင်း
ဆေးပမာဏ လူကြီး — တစ်ကြိမ် (၅) ပြား။ ကလေး — တစ်ကြိမ် (၃) ပြား။
သုံးစွဲရမည့်အကြိမ် တစ်နေ့ (၂) ကြိမ်
  1. သတ်မှတ်ထားသော ဆေးပမာဏအတိုင်း သောက်ပါ။

  2. ရေအေးနှင့် သောက်ပါ။

  3. တစ်နေ့လျှင် (၂) ကြိမ် ပုံမှန်သောက်သုံးရန် ဆေးညွှန်းတွင် ဖော်ပြထားသည်။

ဤဆေးသည် အာရုံကြောရောဂါ အမျိုးမျိုးအတွက် သုံးစွဲရန် ဖော်စပ်ထားသော တိုင်းရင်းဆေးဖြစ်ပါသည်။

နေ့စဉ်ပုံမှန် သောက်သုံးပါက ဦးခေါင်းမကြည်ခြင်း၊ သတိမှတ်ဉာဏ်အားနည်းခြင်း၊ တွေဝေငေးမောခြင်း၊ စားမဝင်ခြင်း၊ အိပ်မပျော်ခြင်း၊ လေနာ၊ ရင်ဘတ်နာခြင်းတို့အတွက် သုံးစွဲနိုင်ပါသည်။

ထို့အပြင် အာရုံကြောများ ဖုထုံးနေခြင်း၊ သွေးလေအလျှောက် မမှန်ခြင်း၊ အကြောတင်းခြင်း၊ အကြောတက်ခြင်း၊ ထုံကျဉ်ကိုက်ခဲခြင်း၊ ခြေလက်ကောက်ကွေးခြင်း၊ သွေးကြောပိတ်ခြင်း၊ ကိုယ်တစ်ပိုင်းပူ၍ တစ်ပိုင်းအေးခြင်း၊ တွန့်ဆုတ်ရုန်းကန်ခြင်း၊ သွားလာရင်း ပျော့ခွေလဲကျခြင်း၊ ဒုလာပါဒရက် အကြောဆွဲခြင်း၊ လေငန်းဖမ်း၍ ကိုယ်တစ်ခြမ်းသေခြင်း၊ အကိုင်အတွယ်မမြဲခြင်း၊ လေးလံထိုင်းမှိုင်းခြင်းနှင့် ခြေလက်များ မသယ်လိုခြင်းတို့အတွက် သုံးစွဲနိုင်သည်ဟု ဆေးညွှန်းစာရွက်တွင် ဖော်ပြထားပါသည်။

တိုင်းရင်းဆေးမှတ်ပုံတင်အမှတ် TMR 011862 (1215)