လိမ်းဆေးရည်
လိမ်းဆေးရည်ကြွက်နို့၊ ငါးမျက်စိ၊ အသားပို၊ မှဲ့၊ အကျိတ်အဖုနှင့် အမျိုးမျိုးသော အရေပြားရောဂါများအတွက် အသုံးပြုနိုင်သော လိမ်းဆေးရည်။
အရေပြားပေါ်တွင် ဖြစ်ပေါ်တတ်သော ကြွက်နို့၊ ငါးမျက်စိ၊ အသားပို၊ အသားပိုသီး၊ မှဲ့အမျိုးမျိုးနှင့် အကျိတ်အဖု စသည့် အရေပြားဆိုင်ရာ အခြေအနေများအတွက် အသုံးပြုနိုင်သော ဆေးရည်ဖြစ်ပါသည်
အရေပြားနှင့် အဖုအကျိတ်ဆိုင်ရာ
- ကြွက်နို့
- ငါးမျက်စိ
- အသားပိုသီး
- မှဲ့အမျိုးမျိုး
- အကျိတ်အဖု
- နှင်းခူ
မျက်နှာနှင့် အသားအရေဆိုင်ရာ
- ဝက်ခြံ
- တင်းတိပ်
- မှဲ့ခြောက်
- မိတ်ဖုထွက်ခြင်း
- ချွေးနံ့နံခြင်း
ယားယံခြင်းနှင့် အရေပြားရောဂါများ
- ပွေး
- ဝဲ
- ညှင်းစွဲခြင်း
လက်သည်းနှင့် ခြေသည်းဆိုင်ရာ
- လက်သည်းပိုးစားခြင်း
- ခြေသည်းပိုးစားခြင်း
အခြားအသုံးပြုနိုင်သော အခြေအနေများ
- အပူလောင်ခြင်း
- အဆပ်တက်ခြင်း
- ဖောရောင်ခြင်း
- အနာအမျိုးမျိုး ဖြစ်ပွားခြင်း
- မျက်နှာအဆီပြန်ခြင်း၊ အသားအရေကြမ်းခြင်း၊၀က်ခြံ၊ တင်းတိပ်၊ မှဲ့ခြောက် ဖြစ်ခြင်းတို့ကို သနပ်ခါးရည်ကြဲတွင်ဆေးရည် (၂)စက် (၃)စက် ရော၍ လိမ်းရန်။
- ဗောက်၊သန်း ယားခြင်း၊ ပွေး၊ ၀ဲ၊ ယားနာ၊ ညှင်း၊ ဂျွတ်၊ ဒက် ဖြစ်ခြင်းတို့ကို ဆေးရည်အစက်ချ၍ လိမ်းရန်။
- ဆီပူ၊ မီးပူ၊ ရေနွေးပူလောင်ခြင်း၊ ထုံကျဉ်ကိုက်ခဲခြင်း၊ ကျီးပေါင်း ရောဂါဖြစ်ခြင်း၊ ခြေသည်း၊ လက်သည်း ပိုးစားခြင်း တို့ကို ဆေးရည်အတိုင်းလိမ်းရန်။
ရောဂါအလိုက်ဆေးရည်သုံးစွဲနည်း
- ဆေးရည်လိမ်းသည့်အခါ ပထမအကြိမ် အနာရောဂါပေါ်သို့ ဆေးရည်ကို အစက်ချ၍ စိုရုံလိမ်းပေးရပါမည်။ ဆေးရည်လိမ်းပြီး (၅)မိနစ်ခန့်ကြာသောအခါ ဆေးရည်ခြောက်သွေ့သွားပါမည်။ ထို့နောက်တဖန် ပြန်၍ဆေးရည်လိမ်းပေးရပါမည်။
- ဤကဲ့သို့ ဆေးလိမ်နည်းအတိုင်း (၁)ရက်လျှင် (၃)ကြိမ် ဆေးလိမ်းပေးရပါမည်။ ဆေးလိမ်းပြီးနောက် အနာရောဂါ၏ ထိပ်၀မှာ အနည်းငယ် ညိုမည်းပြီး ပုံမှန်အရေးပြားထက် နိမ့်ချိုင့်ခြင်း ဖြစ်လာပါက ဆေးလိမ်းခြင်းကို ရပ်နားရပါမည် (ဆေးရည်ဆက်လိမ်းရန် မလိုတော့ပါ)။
- ထိုကဲ့သို့ မဖြစ်သေးပါက အထက်ဖော်ပြပါ ဆေးရည်လိမ်းနည်းအတိုင်း ဆေးဆက်လိမ်းရန် လိုအပ်ပါသည်။ ဆေးလိမ်းပြီးနောက် အနာရောဂါသည် အထက်ဖော်ပြပါ လက္ခဏာအတိုင်း ဖြစ်သွားလျှင် ဆေးရည်လိမ်းခြင်းကို ရပ်နားရပါမည်။ ထို့နောက် ရောဂါ၏ ထိပ်၀နှင့်ဘေးပတ်လည်ရှိ အနာဖေးများကို ခွာခြင်း၊ ဖိနှိပ်ခြင်း၊ ပွတ်တွန်းခြင်း မပြုလုပ်ရပါ။
- ထို့နောက် (၂)ပတ်ခန့်ကြာသောအခါ အနာဖေးများကွာခြင်း၊ အနာအတွင်းမှ အမြစ်များ ညှိုးခြောက်ပြီး တဖြည်းဖြည်းကြွတက်လာကာ အမြစ်များ ကျွတ်ထွက်သွားပါလိမ့်မည်။
- ထိုကဲ့သို့ အမြစ်များ ကျွတ်ထွက်သွားသည့်နေရာမှ နောက်ပိုင်းတွင် အသားနုများ တက်လာပြီး တဖြည်းဖြည်းအသားပြန်ပြည့်သွားလိမ့်မည်။ (ဆန္ဒစော၍ အနာဖေးကို ခွာလျှင် အမာရွတ်ထင်ကျန်တတ်ပါသည်။)
ဆေးရည်လိမ်းမည့်အခါဖြစ်ပေါ်လာမည့်ရောဂါလက္ခဏာများ
- အနာရောဂါရှိသောနေရာမှ အသားအရေ နီမြန်းခြင်း၊ စပ်ခြင်း၊ ရောဂါထင်ရှားပေါ်လာခြင်း၊ အငွေ့ထွက်ခြင်းတို့ ဖြစ်ပေါ်လာတတ်သည်။
- ဆေးရည် (၃)ကြိမ်ခန့် လိမ်းပြီးပါက မိမိဆေးလိမ်းလိုက်သော အနာရောဂါ၏ ထိပ်၀နှင့် ဘေးပတ်လည်ရှိ အရေးပြားများ ဖောင်းခြင်း၊ အနည်းငယ်တင်းရောင်ခြင်း၊ ပိန်ခြင်း၊ ချုံ့ကပ်ခြင်း၊ မည်းခြောက်ခြင်း၊ ပုံမှန် အရေးပြားထက် နိမ့်ချိုင့်ခြင်းတို့ ဖြစ်လာပါက ဆေးလိမ်းခြင်းကို ရပ်နားရပါမည်။ (နောက်ထပ်ဆေးလိမ်းရန် မလိုတော့ပါ။)
- အထက်ဖော်ပြပါ ရောဂါလက္ခဏာများ မဖြစ်သေးလျှင် ဖြစ်ပေါ်လာသည်အထိ ဆေးအကြိမ်ရေ ထပ်တိုးပြီး လိမ်းပေးရပါမည်။ အထက်ဖော်ပြပါအတိုင်း ဆေးရည် လိမ်းပြီးသည့်နောက် အနာရောဂါ၏ ထိပ်၀ နှင့် ဘေးပတ်လည်ရှိ အနာဖေးများသည် (၂)ပတ်ခန့်ကြာလျှင် ကွာသွားလိမ့်မည်။ ချိုင့်ရာ ထင်နေလျှင်လည်း အသားနုများတက်ပြီး တဖြည်းဖြည်း အသားပြန်ပြည့်လာလိမ့်မည်။ (ဆန္ဒစော၍ အနာဖေးကို ခွာခြင်းမပြုလုပ်ရပါ၊ အနားဖေးများကို ခွာလျှင် အမာရွတ် ထင်ကျန်တတ်သည်။)
- နှင်းခူရောဂါ ကို ကုတ်ဖြစ်၍ လိမ်းပေးရပါမည်။ ဆေးလိမ်းသည့်အခါ (၁)ရက်လျှင် (၃)ကြိမ်ကို (၅)ရက်ခန့် လိမ်းပေးရပါမည်။ ထိုကဲ့သို့ ဆေးရည်လိမ်းပြီးနောက် ရောဂါနေရာမှ အသားအရေတင်းခြင်း၊ ဖောင်းကြွခြင်း၊ မာကြမ်းခြင်း စသည့် လက္ခဏာများ ဖြစ်ပေါ်လာပါမည်။ ဤသို့ဖြစ်လျှင် ဤဆေးတိုက်မှ ထုတ်လုပ်သော အကျိတ်အဖု လိမ်းဆေးကို ထပ်မံလိမ်းရန် လိုအပ်သည်။
တိုင်းရင်းဆေးမှတ်ပုံတင်အမှတ်
TMR 002367